Gotham
Fox ရုပ်သံမှ 2014 စက်တင်ဘာလတွင်စတင်ထုတ်လွှင့်ခဲ့တဲ့ Gotham ရုပ်သံဇာတ်လမ်းတွဲကတော့
နာမည်ကျော်စိတ်ကူးယဉ်ဇာတ်ကောင်ဖြစ်တဲ့ Batman ရဲ့ ငယ်ဘဝက Gotham ကိုအခြေခံထားပါတယ်။
ဒီဇာတ်လမ်းတွဲမှာတော့ Batman တဖြစ်လဲ ဘရုစ်ဝိန်း ရဲ့ငယ်ဘဝကိုတွေ့မြင်နိုင်ပြီးတော့
ရှုပ်ထွေးပွေလီပြီး ဒုစရိုက်မှုတွေပေါများလှတဲ့ ဂိုသမ်မြို့အကြောင်းကိုလည်း သေချာသိနိုင်မှာပါ။
လက်ရှိတော့ Season 4 အထိ ထွက်ရှိထားပြီး ဆက်ထွက်ရှိနေအုံးမှာ ဖြစ်လို့ Flix TV က မှန်မှန်
ပြန်တင်ဆက်သွားပေးမှာလဲဖြစ်ပါတယ်။ အခုဒီ Season (1) မှာတော့ အခုမှ စကြည့်တဲ့သူတွေအတွက်
အနည်းငယ် အေးတယ်လို့ထင်ရပေမဲ့ ဆက်လာမဲ့ Season 3 တွေ 4 တွေ အတွက် သေချာ ဇာတ်အိမ်
တည်ထားတာဖြစ်ပါတယ်။မထင်မှတ်ထားတဲ့ Plot တွေနဲ့ လူကိုဆွဲခေါ်သွားနိုင်တာကတော့ ချီးကျုးဖို့
ကောင်းတယ်လို့်ပြောရမှာဖြစ်ပါတယ်။ ဒီ Season (1) မှာတော့ Batman ရဲ့ အဓိက ဗီလိန်တွေဖြစ်တဲ့
ပင်ဂွင်းတို့ The Riddler တို့ ဘယ်လို ဖြစ်လာတယ်ဆိုတာတွေ ဖော်ပြထားပါတယ်။ ပင်ဂွင်းကတော့
ဒီ ဆီဆန်မှာ ကျနော် အကြိုက်ဆုံး ကာရိုက်တာပါပဲ လိုချင်တာကို မဖြစ်ဖြစ်အောင်ယူတက်တာတွေက
တော်တော်ကို သရုပ်ဆောင်ပီပြင်ခဲ့ပါတယ်။ Riddler ကတော့ GCPD က သက်သေအထောက်အထားတွေကို
စစ်ဆေးရတဲ့ ဝန်ထမ်းတစ်ယောက် အဖြစ်တွေ့ရမှာပါ။ဉာဏ်ကောင်းလွန်းပြီး ပဟေဠိတွေကို ကောင်းကောင်း
ဖော်ထုတ်နိုင်တဲ့သူတစ်ယောက်ပါ နောက်ပိုင်းမှ ဆိုက်ကိုဖောက်သွားပြီး ဗီလိန်အဖြစ်ကိုရောက်သွားရတာပါ။
Season (1) မှာတော့ Falconeဂိုဏ်းနဲ့Maroniဂိုဏ်း၂ခုရဲ့အရှုပ်တော်ပုံတွေကိုအဓိကထားရိုက်ကူးထားပါတယ်။
ဒီအရှုပ်တော်ပုံတွေရဲ့ကြားထဲမှာ ကျွန်တော်တို့ရဲ့အချစ်တော်ကြီး ဂေါ်ဒွန် နဲ့ ဘူးလော့တို့ကို အတွဲညီညီနဲ့
ရာဇဝတ်မှု့တွေကိုတိုက်ဖျက်နေတာကိုမြင်ရမှာပါ။ ဒီဆီစန် ထဲမှာ ဂေါ်ဒွန်ကိုတော့ စိတ်အားတက်ကြွ ထက်သန်တဲ့
ဖျတ်လတ်တဲ့သူတစ်ယောက်အနေနဲ့ တွေ့ရမှာဖြစ်ပါတယ်။ အချုပ်အနေနဲ့ ပြောရရင်တော့ ဒီ Seasom (1) မှာ
စူပါဟီးရိုး ရုပ်သံဇာတ်လမ်းတွဲရယ်လို့မဟုတ်ပဲ ဂိုဏ်းဂဏတွေရဲ့ အားပြိုင်မှု့တွေ ထူးခြားတဲ့ ရာဇဝတ်မှု့တွေ
နဲ့ အတူ ဂျင်မ်ဂေါ်ဒွန်တို့ ဘယ်လို ဖြေရှင်းမလဲ ဘယ်လို အားပြိုင်မလဲဆိုတာကို ဟန်ချက်ညီညီနဲ့ တင်ဆက်
ထားတာပဲဖြစ်ပါတယ်။ Rating တွေကတော့ IMDb 7.9 နဲ့ Rotten Tomatoes 84% တို့ရရှိထားပါတယ်ဗျာ။
တင်ဆက်ပေးနေတဲ့ DC comic ရဲ့ အထင်ကရ Superhero တစ်ဦးဖြစ်တဲ့
Batman ရဲ့ငယ်ဘဝက Gotham မြို့အကြောင်း ရိုက်ကူးထားတဲ့ Gotham TV Series ကတော့ Season 2 ကိုရောက်ရှိလာခဲ့ပါပြီ။
ဒီ စီဆန် ၂ မှာတော့ ပင်ဂွင်း The Riddler တို့ရဲ့ အခန်းကဏ္ဏတွေက တော်တော် အရေးပါလာပါပြီ။
ဒီဆီစန် ၂ မှာတော့ စီဆန် ၁ ကလောက် ဇာတ်သိပ်မအေးတော့ပဲ မထင်မှတ်ထားတဲ့
ဇာတ်အပြောင်းအလဲတွေနဲ့ စိတ်ဝင်တစားကြည့်ရမှာပါ
အမေချစ်သား ပင်ဂွင်းရဲ့ သနားစရာ အဖြစ်အပျက်ကို တွေ့ရမှာပါ ဘာကြောင့် အပေါင်းအသင်းဝင်ဆံ့ချင်ပြီး စိတ်ကောင်း
အနည်းငယ်ရှိတဲ့ လူတစ်ယောက်က လုံးဝမညှာတာတက်တော့တဲ့လူတစ်ယောက် ဘယ်လိုဖြစ်သွားလဲဆိုတာ တွေ့ရမှာပါ။
ရာဇဝတ်မှု့တွေ အနိုင်လိုချင်မှု့တွေ လောဘတွေ ပြည့်နှက်နေတဲ့လူတစ်စုနဲ့ အတူဂေါသမ် ကတော့ စုတ်ချက်ကြမ်းကြမ်းနဲ့
ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်လိုဖြစ်နေပါတယ်။ အဲ့မြို့မှာ ဂျင်မ်ဂေါ်ဒွန်လို ဦးဦး အမှန်တရားကြီးတောင်
ကောင်ကျစ်တဲ့ နည်းကိုသုံးခဲ့ရတယ်ဆိုတာကိုတွေ့ရမှာပါ။Season 2 အစမှာ ရဲချုပ်လုဘ်ဟာ ဂျင်မ်ဂေါ်ဒွန်ကို မနှစ်မြို့တာကြောင့်
အပြစ်ရှာပြီး ရဲတပ် ဖွဲ့မှ ထုတ်ပယ်ပစ်လိုက်ပါတယ်။ အထုတ်ခံရတဲ့ ဂျင်မ်ဂေါ်ဒွန်က မကျေနပ်ဘဲ မတက်နိုင်တဲ့အဆုံး
မကြာသေးခင်ကမှ ဂေ့ါသမ်ရဲ့အင်အားအကြီးဆုံးဂိုဏ်းခေါင်းဆောင်ဖြစ်လာတဲ့ ပင်ဂွင်းဆီအကူအညီ တောင်းခံကာ အပေးအယူလုပ်ခဲ့ရပါတယ်။
ဒါတွေကိုကြည့်ရရင် ဂေါသမ်ဟာ ဘယ်လိုမြို့ဖြစ်လဲဆိုတာ သိသာစေပါတယ်။ဂေါ်ဒွန်တစ်ယောက်ကတော့ စုံထောက်ရာထူးကို ပြန်ရခဲ့ပေမဲ့လည်း
သူ့အတွက် ပြသနာတွေက အသင့်စောင့်ကြိုနေတယ်ဆို မြင်နိုင်စွမ်း မရှိခဲ့ပါဘူး။ သူရဲချုပ်ရာထူးကို လက်ခံပြီးတဲ့နောက်မှာပဲ အာခမ်ထောင်က ဖောက်ထွင်းခံခဲ့ရပါတယ်။
အဲ့လိုဖောက်ထွင်းခံရတဲ့ အချိန်မှာပဲ ဂျရုန်းတို့ ဘာဘရာကင်းတို့လို အန္တရာယ်ကြီးတဲ့သူတွေပါလွတ်မြောက်သွားပါတော့တယ်။
ဒီကိစ္စကိုနောက်ကွယ်က ကြိုးကိုင်နေတာဘယ်သူလဲ ဂေ့ါသမ်မြို့ရဲ့တကယ့်ရန်သူကရော ဘယ်သူလဲဆိုတာကို စိတ်ဝင်တစားကြည့်ရမှာပါ။
တစ်ဖက်မှာလည်း ဘရုစ့် တစ်ယောက်ဟာသူ့အိမ်မှာ လျှို့ဝှက်မြေအောက်ခန်းတစ်ခုကိုတွေ့ရှိထားပြီးဖြစ်တဲ့အတွက် ထိုမြေအောက်ခန်းဖွင့်ဖို့အတွက် အစွမ်းကုန်ကြိုးစားနေပါတယ်။မြေအောက်ခန်းထဲမှာ ဘရုစ်ကို ဘယ်အရာတွေက စောင့်ကြိုနေမလဲ။
အစရှိတာတွေကို ဒီ Season 2 မှာ စိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာ။
ဒီအချိန်ကတော့ဂေါ်ဒွန်အတွက်သိပ်အဆင်ပြေလှတဲ့အချိန်မဟုတ်ပါဘူး
Bounty Hunterလုပ်နေရတာဖြစ်ပြီးပင်ဂွင်းရဲ့လုပ်ကွက်တွေကလည်းဆိုးလာပါပြီဘာဘရာနဲ့တာဘီသာတို့ဟာလည်းကလပ်တစ်ခုကိုအတူဖွင့်ထားပြီး
Gothamမြို့တစ်ခုလုံးကတော်တော့်ကိုအခြေအနေဆိုးနေပါပြီ
အခြားဗီလိန်တွေရဲ့rollဟာဒီစီးရီးမှာအတော်ကိုမြင့်လွန်းပါတယ်
ဒါနဲ့ဂျိုကာကရောဘာလုပ်နေလဲ သူလည်းတစ်နိုင်တစ်ပိုင်မြို့ကိုဝိုင်းဖျက်ပေးနေပါတယ်
တချို့ကseason4ထိကြည့်ပြီးပေမယ့်မကြည့်ရသေးတဲ့လူတွေလည်းရှိတာကြောင့်
s3ရောs4ပါပြန်လုပ်ပေးမှာဖြစ်ပြီးs5ကိုတစ်ပတ်တစ်ပိုင်းနှုန်းနဲ့တင်ပေးသွားပါမယ်
Season 4 & 5 ဂျိုကာထောင်ကနေလွတ်သွားပါပြီ
ဂိုသမ်မြို့ဟာဗုံးတွေအပြည့်နဲ့နေချင်စရာမဟုတ်သလိုအစိုးရကလည်းတာဝန်မယူတော့ပါဘူး
ပင်ဂွင်းဟာမြို့ကိုထိန်းနေတဲ့မြို့တော်ဝန်လိုနေရာကိုရထားတာဖြစ်ပြီး
စလီနာကိုင်းကလည်းသေမလားရှင်မလားတောင်မသိပါဘူး
မြို့ရဲ့ဘလောက်၁ဝခုကိုထိန်းထားတဲ့ဂျီစီပီဒီကရောဘယ်လောက်ထိတောင့်ခံနိုင်မလဲ
ကျွန်တော်တော့s2အထိပဲကြည့်ထားလို့ဒီလောက်ပဲပြောပြတတ်တယ်ဗျ